Friday, April 20, 2007

ညီမလေးသို့

ညီမလေးရေ
ယောက်ကျားယူတော့မယ် ဆိုရင်လေ . . .
  • ယောက်ကျားတစ်ယောက်အဖို့ ရုပ်ချောဖို့ မလိုပါဘူး။ပိုက်ဆံလေးထောရင် ပြီးတာပါပဲ။
  • Shopping မှာ မ၀ယ်ဘဲ ဈေးကိုအနည်းဆုံး ၃ပတ်လောက်လျှောက်ကြည့်တာကို မငြီးမငြူ ဂျီးမထူဘဲ လိုက်နိုင်ရင်တော်ပါပြီ။
  • ယောက်ကျားတစ်ယောက်အဖို့ သူအရင်နေခဲ့တဲ့အိမ် ကျယ် မကျယ်က အရေးမကြီးပါဘူး လက်ထပ်ပြီးနေမယ့်အိမ်ကိုသာ ကြီးကြီးလေးဝယ်ထားရင် ပြီးတာပါပဲ။
  • မင်္ဂလာဆောင်မယ့် စရိတ်အတွက်လည်း ပူစရာမလိုပါဘူး။သူ့မှာရှိတဲ့ ပိုက်ဆံအကုန် ကိုယ့်လက်ထဲအပ်ထားမယ်ဆိုရင် ကိုယ်ကစိုက်ထုတ်ပေးမှာပေါ့။
  • အသွင်မတူအိမ်သူမဖြစ်တဲ့။ အသွင်တူအောင် သူကဘောလုံးပွဲကြည့်မယ်ဆိုရင် ကိုယ်ကဘောလုံးသမားတွေကို ကြည့်လိုက်ပေါ့။တစ်ပွဲမှာတစ်ယောက်တော့ အရမ်းချောမှာ သေချာတယ်လေ။
  • သူ့ကျန်းမာရေးကိုဂရုစိုက်ပေးရမယ်နော်။အသားဓါတ်လိုရင် ပဲသာများများကျွေးပေါ့ အသားစားလို့သွားကိုက်ရင် အရမ်းခံစားရမှာပေါ့ ကိုယ့်ယောက်ကျားခံစားနေရရင်ဘယ်မိန်းမမှမကြည့်ရက်ဘူးလေ။ ဒါကြောင့်အသားဆိုရင် ကိုယ်သာအနစ်နာခံပြီး စားပစ်လိုက်ပေါ့။
  • ကိုယ့်ယောက်ကျားကခေတ်နဲ့တပြေးညီဖြစ်နေရင် နောက်မိန်းမယူသွားမှာကိုစိုးရိမ်နေရလိမ့်မယ် အဲဒီတော့ ပုဆိုး၂ထည်၊အကျီ င်္၂ထည်ဆိုလုံလောက်ပြီ။ကိုယ်ကတော့ခေတ်နဲ့အညီနေနိုင်မှ ယောက်ကျားအချစ်မလျှော့မှာမို့ လှတပတလေးဆို ၀ယ်သာဝယ် ဈေးနှုန်းဆိုတာ ကိုယ်ပြောမှ သူသိမှာမဟုတ်ဘူးလား။
  • ထမင်းဟင်းချက်တဲ့အခါမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ်၊ ပျော့၊ တူး၊ မနပ် ဆိုတဲ့စကားနဲ့အညီ တစ်နေ့တစ်နေ့ အရသာမထပ်အောင် ချက်ကျွေးရမယ်နော်။ကိုယ်ကလုံးဝမစားနိုင်ရင်တော့ တစ်ခုခုစားစရာဝယ်ပြီး ချက်ပြုတ်နေတုန်းစားထားနှင့်လိုက်လေ။ ထမင်းဘာလို့သိပ်မစားတာလဲဆိုရင်တော့ ၀ိတ်ချနေတယ်ပေါ့။
  • အ၀တ်အစားလျှော်ဖွတ်ရမှာက အိမ်ရှင်မကောင်းတစ်ယောက်ရဲ့တာဝန်တွေဆိုတော့ သူပြောစရာမလိုခင် ကိုယ်ကဦးအောင်လုပ်ကိုင်ဖော်ခေါ်ထားရမှာပေါ့။ Laundry Service ဆိုင်တွေရှိနေတာပဲဟာ။
  • အိမ်ခန်းသန့်ရှင်းရေးလုပ်တာကလည်း လွယ်ပါတယ်။ ဖွထားတာမှန်သမျှအကုန်သာလွှင့်ပစ်လိုက် နောက်ဆိုရှုပ်အောင်ဘယ်သူမှလုပ်ရဲတော့မှာမဟုတ်ဘူးပေါ့။
  • လှဲကျင်းလျှော်ဖွတ်ရတာ ပင်ပန်းနေပြီဆိုရင်တော့အနားယူလိုက်တော့ပေါ့။ ပန်းကန်ခွက်ယောက်ဆေးလို့လဲပူစရာမလိုပါဘူး။ Paper Plates တို့ Paper Cups တို့ရှိသားပဲ။
  • ဈေးသွားရင်လဲသူလိုက်ပါစေလေ မဟုတ်ရင် အမှိုက်ထုပ်ကြီးကိုယ်သယ်နေရမှာပေါ့ အမှိုက်ထုပ်ကဈေးခြင်းထဲ ထည့်ယူမှာမဟုတ်လား အပြန်ကျတော့ကိုယ်သယ်ပေးလိုက်ပေါ့ ကူလီငှားခကဘယ်လောက်မှမရှိပါဘူး။
  • ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်ရင် အတင်းကြီးညှိမယူပါနဲ့ ကိုယ်လုပ်ချင်တာသာလုပ်လိုက်ပါ။
  • ကိုယ့်ကိုအသက်တမျှတန်ဖိုးထားတဲ့ သူ့ကို ကိုယ့်ဆီပိုက်ဆံမအပ်လို့စိတ်မဆိုးလိုက်နဲ့နော် Credit Cardတွေကို သူ့ဆီကတောင်းထားလိုက်ပေါ့။
  • သူကကိုယ်လိုချင်တာတွေဝယ်ပေးဖို့ ငြင်းဆန်နေရင် ကိုယ့်ကို အလိုလိုက်လျှော့ပေးဖို့ တွန်းဆုတ် နေရင်တော့ Holly Wood ရွှေမင်းသမီးတစ်ယောက်မှာယောက်ကျားဘယ်နှစ်ယောက်ယူခဲ့တဲ့ စာရင်းလေးလုပ်ပြီး သူ့ကိုပြောပြဖို့မမေ့ပါနဲ့။
  • ဒီလူနဲ့စိတ်သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းချင်ရင်ကွာရှင်းလိုက်ပေါ့ ပိုင်ဆိုင်သမျှတစ်ဝက်ထက်ပိုရအောင် ရှေ့နေကောင်းကောင်းရှာထားဖို့တော့ လိုမယ်နော်

No comments: