Wednesday, May 16, 2007

တောက်တီးတောက်တဲ့ လူပျိုကြီးဖြစ်ရသည့်အကြောင်းရင်းများ

ညံ့တယ်လို့ပဲပြောပြော၊မစွံဘူးလို့ပဲပြောပြော တောက်တီးတောက်တဲ့ အခုချိန်ထိ လူပျိုကြီးဖြစ်နေဆဲပါပဲ ဒါပေမယ့် စွံတော့စွံပါတယ်တောက်တီးတောက်တဲ့မှာ ရည်းစားပေါင်း (၁၀၀)ကျော်လောက် အထိ အောင်ကိုရှိခဲ့တာပါ(ဒါတောင်လိုက်မရေနိုင်တော့လို့ လျှော့ပြောထားတာ) ဘာလို့မိန်းမမရတာလဲတော့မသိဘူး။

အဲဒီရည်းစားလေးတွေနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတွေကို နည်းနည်းလောက်တော့လေရှည်ချင်တယ်။
ဒီနေ့ ရည်းစားဦးလေးနဲ့ ဈေးထိပ်မှာပြန်တွေ့လိုက်ရလို့ သတိရစွာနဲ့ ရေးဖွဲ့လိုက်တာပါ။

သူများတွေအတွက်မှန်လား၊မမှန်လားတော့မသိဘူးဗျ ကျွန်တော့်အတွက်ကတော့မှန်တယ်(ခဲမဟုတ်ပါ)
"ရည်းစားဦးနဲ့ဘယ်တော့မှမရနိုင်ဘူး" ဆိုတာကိုပြောတာပါ တောက်တီးတောက်တဲ့ ရည်းစားဦးလေးက အရမ်းချောတာဗျ

ကျွန်တော်(၇)တန်းနှစ်တုန်းကပေါ့ဗျာ အတန်းထဲကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် တခြားကျောင်းကပါ အဲဒီကောင်မလေးက
မျက်မှန်လေးနဲ့ ပြီးတော့ ကျောပိုးအိတ်လေးကို လွယ်လို့ဆိုတော့ တောက်တီးတောက်တဲ့ရဲ့ကလီစာထဲကို တန်းဝင်ပြီး ရွစိရွစိကို ဖြစ်တော့တာပဲ အဲဒါနဲ့တောက်တီးတောက်တဲ့ကလည်း လက်ကတော်တော်သွက်တော့ မနက်ခင်းကရောက်တာကို နေ့လည်ထမင်းစားချိန် ကျတော့ ရည်းစားစကားက ပြောပြီးသွားပြီလေ ကောင်မလေးကလည်း မငြင်းရှာပါဘူး(သူလည်း ကလီစာထဲဝင်သွားလို့နေမှာပေါ့)
တစ်လလောက်လဲနေရော အဖြေပြန်ပေးပါလေရောဗျာ ပျော်လိုက်တာဆိုတာမပြောပါနဲ့တော့ ဒါပေမယ့် ကျွန်တော်သတိမထားလိုက်မိတာ
တစ်ခုရှိတယ်၊ဘာလဲဆိုတော့ သူနဲ့ကျောင်းသွားကျောင်းပြန်အတူတူသွားတဲ့ကောင်မလေးက အရင်တုန်းက တောက်တီးတောက်တဲ့ကို
အသေကြိုက်ခဲ့တာလေ(မယုံမရှိနဲ့ တကယ်ပြောတာ) တောက်တီးတောက်တဲ့က ပြန်ကိုမကြိုက်ခဲ့တာ
ကျွန်တော်သိလိုက်ရတဲ့ အချိန်ကျတော့ လွန်သွားခဲ့ပြီ၊ ဖြစ်ပုံကဒီလို ကောင်မလေးက ကျွန်တော့်ကို အဖြေပေးပြီးတော့ ချိန်းတွေ့ကျတာ ပေါ့ဗျာ ဘယ်လောက်ထိအောင်ချိန်းတွေ့ခဲ့သလဲဆိုရင် ပိတ်ထားတဲ့ ၅တန်းခန်းထဲသွားချိန်းတွေ့မိလို့ ကျောင်းအုပ်ဆရာကြီးရိုက်တဲ့အထိပဲ
အဲဒီလို ဆရာကြီးမိပြီးသွားတဲ့နောက်မှာ ကောင်မလေးက ကျွန်တော့်ကို တော်တော်လေးစိမ်းသွားတယ် အဲဒါနဲ့ ကျွန်တော်လည်း သူ့ဆီစာတွေရေးတာပေါ့ စာကျတော့ သူကပြန်တယ်ဗျ စကားတော့ အပြောကိုမခံတော့တာ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင် သွားတာ ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ကျတော့ ကျွန်တော်လည်း အရဲစွန့်ပြီး တွေ့ချင်တယ် ဘာညာပေါ့သွားပြောတာ သူကလဲ ညနေကျရင် ကန်တော်ကြီးမှာတွေ့ကျမယ်တဲ့ ဒါနဲ့ကျွန်တော်လည်းညနေကျတော့ ကန်တော်ကြီးမှာ သွားစောင့်နေတာပေါ့ (ကောင်းခန်းရောက်လာပြီနော်) သူလည်းတကယ်ကိုလာခဲ့ပါတယ် ကျွန်တော်ကလည်း တောက်တီးတောက်တဲ့ဆိုတဲ့အတိုင်းပေါ့ဗျာ လျောက်ပြောတာပေါ့
"နင်ကလည်းနေနိုင်လိုက်တာနော်၊စကားလေးတစ်ခွန်းတောင်ပြောခွင့်မပေးဘူး"
"နင်ဘာသိလို့လဲ ဆရာကြီးမိသွားကထဲက ငါ့အဖေကဆော်ပလော်တီးပြီး နောက်တစ်ခါဖြစ်ရင် ကျောင်းထုတ်မယ်ဆိုလို့ပါဟာ"
"အာ ကျောင်းခန်းထဲအထိတော့ နင့်အဖေကြီးမမြင်ရပါဘူးဟာ"
"သူငယ်ချင်းတွေက ပြန်တိုင်မှာပေါ့ဟ"
"အေးဒါလည်းဟုတ်တာပဲနော်၊ဘာပဲဖြစ်ဖြစ်ငါ့စာတွေကို ပြန်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်ဟာ"
"ဘာစာတွေကိုပြောတာလဲ"
"နင်နဲ့ စကားမပြောရတုန်းက နင့်ဆီကိုငါရေးတဲ့စာတွေလေဟာ"
"ဘာတွေလာပြောနေတာလဲ ငါလည်းဘာမှမသိပါလား ရလည်းမရပါဘူး နင်ဘယ်သူနဲ့ပေးလိုက်တာလဲ"
"နင့်သူငယ်ချင်း ဟို ၀၀တုတ်တုတ် ကောင်မလေးနဲ့လေဟာ အစောင် (၁၀၀) လောက်တောင်ရှိတယ်"
"အာ ငါ့ဆီတစ်စောင်မှရောက်မလာပါဘူးဟာ"
"ဟုတ်သေးပါဘူး ငါ့ကိုမနောက်စမ်းပါနဲ့ဟာ ငါကပြန်စာလေးရလို့ ၀မ်းသာနေတာနော်"
"တကယ်ကိုငါမသိပါဘူးဆိုနေမှ"
"မဖြစ်နိုင်ဘူး ဒါဆိုဒီစာတွေက ဘယ်သူပြန်ရေးတာလဲ"
"ဘယ်သိမလဲဟ လက်ရေးကိုကြည့်လိုက်ပေါ့ နင်လက်ရေးကိုမကြည့်ဘူးလား"
"ကြည့်တယ်လေဟာ"
"ဒါတောင်နင်က ငါ့လက်ရေးကို မသိဘူးလား"
"ဟီးဟီး ငါမမှတ်မိဘူးဟ"
"ကောင်းတာပေါ့ ပြစမ်းပါဦး အဲဒီ့စာတွေ"
"ရော့"
"ဒါ ငါ့သူငယ်ချင်းလက်ရေးပဲ နင်ကငါမရှိတုန်းသူနဲ့ အဆက်အသွယ်လုပ်နေတယ်ပေါ့ ဟုတ်လား"
"မဟုတ်ပါဘူးဟာ ငါတကယ်ကိုမသိလို့ပါ"
"တော်ပြီ နင်ငါ့ကို စကားလာမပြောနဲ့တော့၊ ကိုယ့်ရည်းစားလက်ရေးကိုတောင် မသိတဲ့နင့်ကို ငါအရမ်းမုန်းသွားပြီ"

အဲဒီကစပြီး ရည်းစားဦးလေးနဲ့ ကွဲခဲ့တာပါပဲဗျာ
ကျွန်တော်ကိုက တော်တော်ကိုညံ့ပါတယ် ကိုယ့်ရည်းစားလက်ရေးကို မြင်ရင်မှတ်မိဖို့ နေနေသာသာ မြင်တောင်မမြင်ဖူးဘူးလေ။
ဒါက တောက်တီးတောက်တဲ့ရဲ့ ပထမဦးဆုံး အချစ်ဦးဇာတ်လမ်းလေးအကြောင်းပါ နောက်ထပ် တောက်တီးတောက်တဲ့ ဖြစ်ခဲ့တဲ့ ရည်းစားတွေ အများကြီးကျန်ပါသေးတယ် များလွန်းလို့ထင်ပါရဲ့ လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်တောင် မှတ်မိမှာမဟုတ်ဘူး နောက်တစ်ခါ မှတ်မိမှပဲ ဆက်တင်တော့မယ် ။

Sunday, May 13, 2007

အခုမှတွေ့သော သတင်းဟောင်း (သို့) သတင်းကောင်း

ဘလော့ဂါသမားတွေ သိပြီးကြပြီထင်ပါတယ် online မ၀င်တာကြာသွားတော့ ဒီနေ့မှ ဟိုလုပ်ဒီလုပ် လုပ်ရင်း
တွေ့တဲ့ website လေးတစ်ခုပြောပြချင်ပါတယ် သိပြီးသားဆိုလည်း sorry ပါဗျာ
ဘလော့ လုပ်တဲ့နေရာလေးပါ အခုကျွန်တော်တို့သုံးနေတဲ့ ဘလော့ထက်ကို ပိုပြီးတော့ ကောင်းပါတယ်
ဘာမှပြင်စရာမလိုပဲနဲ့ကို မြန်မာစာ ရိုက်လို့ရပါတယ် တန်းပလိတ်တွေလဲ ရွေးလို့ရပါတယ် ပို့ style တွေကိုလည်းလိုသလိုပြင်လို့ရပါတယ် ဒါကတော့ ကျွန်တော်အစမ်းလုပ်ထားတဲ့ ဘလော့လေးပါ သွားကြည့်ကြပေါ့ဗျာwww.CyberMyanmar.8m.net ပါ သွားလေ့လာလို့ရပါတယ်


ဘလော့လုပ်ချင်တယ်ဆိုရင်တော့ www.mysite.com မှာရနိုင်ပါတယ်ခင်ဗျာ
Transfer လုပ်လို့ရမရတော့ ကျွန်တော်လည်း မစမ်းကြည့်ရသေးလို့ မသိသေးပါဘူး
ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

Saturday, May 5, 2007

သိကြားမင်းတည်ထားခဲ့သော မြတ်စောညီနောင်ဘုရား




လပြည့်နေ့က ကျွန်တော် မြတ်စောညီနောင်ဘုရားမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေပါ
အဲဒီနေ့ထဲက တင်မလို့ပါပဲ signin ကအခုမှဝင်လို့ရလို့ တင်လိုက်ရတာပါ
ဒီ မြတ်စောညီနောင်ဘုရားဟာ သိကြားမင်းတည်ထားခဲ့တဲ့ ဘုရားတစ်ဆူပါပဲ
အလျဉ်းသင့်ရင် မြတ်စောညီနောင်ဘုရားရဲ့ သမိုင်းကြောင်းတင်နိုင်အောင် ကြိုးစားပါဦးမယ်။
နောက်ထပ် ကျွန်တော်တို့မြို့ရဲ့ တန်ခိုးကြီးဘုရားပုံတော်တွေ တင်ပေးပါဦးမယ်။

Sunday, April 29, 2007

ထူးဆန်းတာလေးတွေ အပိုင်း(၁)



ကျွန်တော့် စိတ်ကူးအိမ်မက်များ

ကျွန်တော် မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကတော့ သာမန်ပါပဲ။ ဖတ်ကြည့်ပါဦး။

  • ကျွန်တော်ယူမယ့် မိန်းမဟာ လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာ မလိုပါဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာကောင်းရင်တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။
  • ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာလည်း စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင် ပြီးရော။
  • မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစားရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမက တစ်ဝက် သူ့မိဘတွေက တစ်ဝက်။
  • အသွင်မတူရင် အိမ်သူမဖြစ်ဘူးဆိုတာကို ကျွန်တော်နားလည်တယ်။ဒါကြောင့်လက်ထပ်ပြီးတဲ့အခါ စိတ်တူကိုယ်တူ ဖြစ်အောင်လုပ်မယ်။ ဆိုကြပါစို့ . . . မြို့လယ်ရုပ်ရှင်ရုံမှာ မင်းသား လွင်မိုးပါတဲ့ ကားသစ်တင်လို့ "သွားကြည့်ရအောင်" လို့ သူမကပြောမယ်။ လွင်မိုးကို ကျွန်တော်မကြိုက်ဘူး။ မလိုက်ချင်ဘူးလို့ ကျွန်တော်ကငြင်းတယ် အဲဒီလို အခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံးမသွားတော့ဘူး။ ရုပ်မြင်သံကြားက လာတဲ့ ကိုးရီးယားကားကိုပဲ ကြည့်မယ်။
  • သူ့ရဲ့ကျန်းမာရေးကိုလည်း ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့အစားအစာတွေ ဥပမာ . . . ဈေးကြီးပေးရတဲ့ ချောကလက်ကို သူမလက်ဖျားနဲ့တောင်မထိစေရဘူး ကျွန်တော်ပဲစားမယ်။
  • ကျွန်တော်ယူမယ့် မိန်းမဟာ ခေတ်နဲ့တပြေးညီ စတိုင်ကျကျဝတ်နိုင်အောင် ကျွန်တော်ဆင်ပေးမယ်။ ဒါပေမယ့် ဈေးကြီးတဲ့ အ၀တ်အစားတွေ မဖြစ်စေရဘူး။
  • ထမင်း၊ဟင်းကို သူမဘယ်လိုချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး။ အရသာရှိရင် တော်ပါပြီ။
  • မြန်မာဟင်းလျာချည်းပဲ ချက်စရာမလိုပါဘူး။ ဒီနေ့မြန်မာစာ၊ နောက်နေ့ ကုလားစာ၊သဘက်ခါကျတော့ တရုတ်စာ စသည်ဖြင့် ပြောင်းလဲပြီးတော့ချက်ရင်လည်းလက်ခံတယ်။ ဒီကိစ္စမှာ သူမကို လုံးဝလွတ်လပ်ခွင့် ပေးထားတယ်။
  • အ၀တ်လျှော်ရမယ်၊မီးပူတိုက်ရမယ်လို့ သူမကိုကျွန်တော် ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ၀တ်တဲ့ အ၀တ်အစားတွေတော့ အမြဲသန့်ရှင်းနေရမယ်နော်။
  • အိမ်ခန်းကိုသန့်ရှင်းဖို့ သူမကိုကျွန်တော် တောင်းဆိုမှာမဟုတ်ဘူး။ အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမအသိစိတ်ဓါတ်နဲ့ သူမလုပ်ပါလိမ့်မယ်။
  • လှဲကျင်းလျှော်ဖွတ်ရလို့ သူမပင်ပန်းနေပြီဆိုပါစို့။ အဲဒါဆိုရင် သူမကိုကျွန်တော်အနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့မှ ကျန်တဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်လေ။
  • ဈေးကိုတော့ အမြဲအဖော်လိုက်ပေးမယ်။ အတူတူသွားမယ်။ အသွားမှာဈေးခြင်းတောင်းကို ကျွန်တော်ပဲ ကိုင်ပေးမယ်။ အပြန်ကျမျ သူမကို အလှည့်ပေးမယ်။
  • ကျွန်တော့်သဘောထားနဲ့ တိုက်ဆိုင်တာမှန်သမျှ သူမပြောတာကို ကျွန်တော်လက်ခံ နားထောင်မယ်။
  • သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ ဒါကြောင့် သူ့လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်ပေးမှာမဟုတ်ဘူး။ လူဆိုး၊သူခိုး တွေပေါတယ်မဟုတ်လား ငွေရှိရင် အန္တရာယ်က အများသားကိုး။
  • ကျွန်တော်ပြောသမျှအမိန့်ကို နာခံရမယ်လို့ ဘယ်တော့မှ ကျွန်တော်မပြောပါဘူး။ ကျွန်တော့်ဆန္ဒတွေ ဖြည့်ဆည်းပေးရင် တော်ပါပြီ။ မဖြည့်နိုင်ဘူးဆိုရင်လား . . .
  • ဒါဆို နောက်တစ်ယောက်ရှာပါစေပေါ့၊ မဟုတ်ဘူးလား။

Thursday, April 26, 2007

လွမ်းမိတဲ့တစ်နေ့

Image Hosted by ImageShack.us



ဒီနေ့ မိုးတွေရွာတော့ ကျောင်းသားဘ၀ကို ပြန်သတိရမိတယ်ဗျာ။ ထူးထူးခြားခြား သတိရမိတာကတော့
လွန်ခဲ့တဲ့ (၈)နှစ်လောက်က ၇တန်းကျောင်းသားဘ၀ကိုပါပဲ။ ပိတောက်တွေ ဒုတိယအကြိမ်ပွင့်ခဲ့ပြန်ပါပြီ။

အဲဒီပိတောက်တွေထဲမှာတွေ့ခဲ့ရတဲ့ သူတစ်ယောက်ကို အခုအချိန်မှာပြန်လွမ်းမိပါရဲ့ဗျာ
"မျက်လုံးချင်းဆုံ
ရင်တွေခုန်တော့
မလုံသူကပြုံးမိတယ်" တဲ့ သူပေးခဲ့ဖူးတဲ့ ကဗျာလေးပါ။
တစ်ချိန်တုန်းက စာတွေကျက်ခဲ့၊ဂစ်တာတွေတီးခဲ့ကြတဲ့ ကျောင်းသားဘ၀ကို ပြန်သတိရမိတဲ့

နေ့တစ်နေ့ပေါ့ဗျာ

Tuesday, April 24, 2007

ဒီနေ့ အိပ်လို့ကလည်း မရ ပျင်းကလဲပျင်းတာနဲ့ Internet မှာ လျောက်သွားနေတာဗျာ ဒီsite လေးကို သွားတွေ့တယ် ဘော်ဒါတို့ရောက်ပြီးကြပြီလား မရောက်သေးရင် တစ်ခေါက်လောက်တော့ သွားကြည့်
ဖို့ကောင်းတယ်နော်။