Tuesday, April 17, 2007

သင်္ကြန် နှင့် သိကြားမင်း

၁၃၆၉ခုနှစ် ၁၃.၄.၂၀၀၇ မဟာသင်္ကြန်အကြိုနေ့မနက်ခင်းတွင်
သိကြားမင်းထံသို့ (၃၇) မင်း နတ်များထံမှ email ၀င်လာသဖြင့်ဖတ်လိုက်ရာ
မြန်မာနိုင်ငံမဟာသင်္ကြန်တွင် ရေပက်သူနှင့် ရေပက်ခံသူ အင်အားမမျှသဖြင့်
နတ်သမီး (၅၀၀) အား အကူအညီပေးရန် တောင်းဆိုထားသောစာဖြစ်နေ၏။

သို့ဖြစ်ပါ၍ ၁၃.၄.၂၀၀၇ မဟာသင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် နတ်သမီး (၅၀၀) လူ့ပြည်သို့ဆင်း၍
ကူညီအားဖြည့်ရာ ယခု ၁၆.၄.၂၀၀၇ သင်္ကြန် အတက်နေ့တွင် ရန်ကုန်မြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီး၌
အတွင်းလူနာအဖြစ် ကုသခံရဆဲရှိပါကြောင်း၊ ကုတင်များမဆံ့သဖြင့် အနောက်ပိုင်းဆေးရုံကြီးသို့ လွှဲပြောင်း
ထားရကြောင်း သိရှိရပါသည်။ နတ်သမီးများအား အင်တာဗျူးရာ မြန်မာလူငယ်များ၏ ဒဏ်ကိုမခံနိုင်သဖြင့်
ယခုလို အတွင်းလူနာအဖြစ် တက်ရောက်ကုသရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေဆိုထားကြောင်းကို သိရှိရ
ပါသည်။

ယခု ၁၇.၄.၂၀၀၇ နှစ်ဆန်းတစ်ရက်နေ့အထိ နတ်သမီးများမှာ နတ်ပြည်သို့ ပြန်လည် ရောက်ရှိ
မလာပါသဖြင့် သိကြားမင်းစိတ်ပူလျက်ရှိကြောင်း၊ လက်ဆော့သူများအား သိကြားမင်းသည် ငှားထားသော
Laptopဖြင့် စာရင်းမှတ်ထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။အပြည့်အစုံသိလိုပါက စုံစမ်းနိုင်ပါသည်။

စုံစမ်းရန်
သိကြားမင်း (ခေတ္တနတ်ပြည်)
ဘာမသိ ရပ်ကွက်၊ ရမ်းတုပ်မြို့နယ်
နတ်ပြည်





1 comment:

Thet Htoo@Myat Lone said...

သိကြားမင်း Laptop ကြီး စောစောစီးစီး Hack လုပ်ထားကြရင်ကောင်းမယ်ဗျို့။ နို့်မိုဆိုရင် သင်္ကြန်မှာကဲထားသမျှပေါ်ကုန်တော့မယ်။