Saturday, April 21, 2007

၂၄ နာရီ

မနက် ငါနိုးထလိုက်တိုင်း ပထမဆုံးစဉ်းစားမိတာ မင်းအကြောင်းပါ
ဘာလို့လဲဆိုတော့ သိပ်ချစ်မိလို့ပါ။
အလုပ်ထဲရောက်ပြန်တော့လည်း ငါ့ရဲ့စာရင်းတွေထဲမှာ မင်းရှိနေတတ်တယ်
အချိန်တိုင်းကို စိုးမိုးနေပါလား အချစ်ရယ်။
ညနေခင်း အလုပ်သိမ်းချိန်အထိလည်း မင်းကငါ့ကို ဖမ်းစားနေတုန်းပဲ
အရမ်းသတိရတယ် အချစ်ရယ်။
ညခင်းရောက်ပြန်တော့ မင်းကငါ့ရဲ့အိပ်မက်နတ်သမီးပေါ့
အရမ်းချစ်တယ် ကောင်မလေးရယ် . . . ။

No comments: